search
ကျွန်ုပ်တို့၏အစီအစဥ်သည်ကွင်းစလန်းတစ်ဝှမ်းရှိရွှေ့ပြောင်းနေထိုင်သူများ၊ဒုက္ခသည်များနှင့်အတူ အသည်းရောင်ရောဂါ၊ကာလသားရောဂါနှင့် လိင်ဆက်ဆံခြင်းမှတဆင့်ရတတ်သောရောဂါ အချက်အလက် သတင်းများ၊ စမ်းသပ်မှုနှင့် ကုသရေးဝန်ဆောင်မှုများကိုလက်လှမ်းမှီနိုင်ရန်နှင့် တိုးတက်မှုရှိစေရန်လုပ်ဆောင်ပေးပါသည်။
ကျွန်ုပ်တို့၏အစီအစဉ်ကို Queensland Health မှ ရန်ပုံငွေပံ့ပိုးထားပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် အရင်းအမြစ်များအားလုံးကို Medicare ကတ်မရှိဘဲ လူများအပါအဝင် ရွှေ့ပြောင်းနေထိုင်သူများ၊ ဒုက္ခသည် အားလုံးနှင့် ထိုလူများနှင့် အလုပ်လုပ်သော ဝန်ဆောင်မှု ပေးသူများကို အခမဲ့ဆောင်ရွက်ပေးပါသည်။
ကျွန်ုပ်တို့၏အဖွဲ့သည်လေ့ကျင့်သင်ကြားပေးထားသော ဘာသာစကားနှစ်မျိုးပြောဆိုနိုင်သော ကျန်းမာရေးလုပ်သားများ(BCHWs)မှ ကွင်းစလန်းပြည်နယ်တစ်ဝှမ်းရှိလူမျိုးအသိုင်းအဝိုင်း အုပ်စုများအားဘာသာစကားမျိုးစုံဖြင့် သတင်းအချက်အလက်များကိုပံ့ပိုးပေးနေပါသည်။ ကျွန်ုပ်တို့၏အဖွဲ့သည်ဖုန်း၊ ဆိုရှယ်မီဒီယာ (ဥပမာ Facebook၊ WeChat၊ WhatsApp)၊ တိုင်းရင်းသားသတင်းစာများနှင့် ရေဒီယိုများမှတစ်ဆင့်အင်္ဂလိပ်နှင့် အခြားဘာသာစကားများဖြင့်လည်း ပံ့ပိုးပေးပါသည်။
သင့်အဖွဲ့အတွက်အခမဲ့ပညာရေးကဏ္ဍတစ်ခုတောင်းဆိုရန် ဤနေရာကိုနှိပ်ပါ။
သင့်ဘာသာစကားဖြင့်အချက်အလက်များတောင်းခံရန်ကျေးဇူးပြု၍အောက်တွင်ဖေါ်ပြထားသောကျွန်ုပ်တို့၏ဘာသာစကားနှစ်မျိုးပြောနိုင်သောဝန်ထမ်းများ ကိုဆက်သွယ်ပါ။
ကျွန်ုပ်တို့အဖွဲ့သည်အသည်းရောင်ရောဂါရှိသူများနှင့်၎င်းတို့၏မိသားစုများကိုတစ်ယောက်ချင်းသီးခြားပံ့ပိုးမှုနှင့်သတင်းအချက်အလက်များကိုပံ့ပိုးပေးပါသည်။ ဥပမာ-သင့်ဆရာဝန်နှင့်ဆေးရုံမှစာများကိုဖတ်ပြီးရှင်းပြပေးခြင်း။ ဆေးဘက်ဆိုင်ရာချိန်းဆိုမှုများကိုပြုလုပ်ပေးခြင်း။သင်၏ပထမဦးဆုံးဆေးရုံချိန်းဆိုမှု ဖြစ်ခဲ့လျှင်မည်သို့သွားရမလဲဆိုတာရှင်းပြပေးခြင်း။ သင့်ဆရာဝန်သို့မဟုတ်ဆေးရုံနှင့်ဆက်သွယ်ရန်ကူညီပေးခြင်း။
ကျွန်ုပ်တို့သည် သင်နှင့် သင့်မိသားစုကိုမည်သို့ ပံ့ပိုးပေးနိုင်သည်နှင့် ပတ်သက်၍ အသေးစိတ် အချက် အလက်များအတွက် Health@eccq.com.au သို့မဟုတ် ၃၈၄၄ ၉၁၆၆ တွင်အစီအစဥ်မန်နေဂျာထံဆက်သွယ်ပါ။ တစ်နည်းအားဖြင့် သင်သည် အောက်ပါအတိုင်း သင့်ဘာသာစကားကို ဖုန်း သို့မဟုတ် အီးမေးလ်မှတစ်ဆင့် ပြောဆိုသော ကျွန်ုပ်တို့၏ ဘာသာစကားနှစ်မျိုးပြောဆိုနိုင်သော ဝန်ထမ်း တစ်ဦးထံ ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏အကူအညီတောင်းခံရန် ဤနေရာကိုနှိပ်ပါ။
Fibroscan သည် အသည်းပျက်စီးမှု ဖြစ်နိုင်ချေကို လျင်မြန်စွာ၊ နာကျင်ခြင်းမရှိဘဲ၊ထိုးဖောက်ဝင်ရောက် ခြင်းမရှိသော အကဲဖြတ်စစ်ဆေးမှုတစ်ခုဖြစ်သည်။ အသည်းရောင်ရောဂါပိုး B သို့မဟုတ်ပိုး C ရှိသူများ အတွက် အခမဲ့ဖြစ်သည်။ Fibroscan တစ်ခါ ပြုလုပ်ရန် သင့်ဆရာဝန်ထံ လွှဲပြောင်းပေးရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ Fibroscan ဝန်ဆောင်မှု အကြောင်း နောက်ထပ်အချက်အလက်များအတွက် ကျေးဇူးပြု၍ referrals@eccq.com.au သို့မဟုတ် ၃၈၄၄ ၁၉၆၆ တွင် ကုသမှုနှင့် စီမံခန့်ခွဲမှုညှိနှိုင်းရေးမှူးထံ ဆက်သွယ်ပါ။
ကျွန်ုပ်တို့၏ Fibroscan ဝန်ဆောင်မှု အကြောင်း နောက်ထပ်အချက်အလက်များအတွက် ကျေးဇူးပြု၍ referrals@eccq.com.au သို့မဟုတ် ၃၈၄၄ ၉၁၆၆ တွင် ကုသမှုနှင့် စီမံခန့်ခွဲမှုညှိနှိုင်းရေးမှူးထံ ဆက်သွယ်ပါ။
Fibroscan တစ်ခါပြုလုပ်ဘို့တောင်းဆိုရန် ဤနေရာကိုနှိပ်ပါ။(သင့်ဆရာဝန်မှဖြည့်စွက် ရမည်)
ကျေးဇူးပြု၍အခမဲ့အရင်းအမြစ်များမှာယူရန်ဤနေရာကိုနှိပ်ပါ။
သင့်တွင်စိုးရိမ်ပူပန်မှုများရှိပါကသို့မဟုတ်ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့်အရင်းအမြစ်စာစောင်များအပေါ် တုံ့ပြန်ချက်ပေးလိုပါက health@eccq.com.au သို့မဟုတ် ၃၈၄၄ ၉၁၆၆ တွင်အစီအစဥ်မန်နေဂျာထံ ဆက်သွယ်ပါ။
HIV ဆေးပညာဆိုင်ရာ သြစတြေးလျအသင်း (ASHM)
Queensland Positive People (QPP)
Queensland AIDS Council Lesbian Gay Bisexual Trans Intersex
Queensland Injectors ကျန်းမာရေးကွန်ရက်