မြန်မာဘာသာဖြင့် အရင်းအမြစ်များ

ကျွန်ုပ်တို့၏ အစီအစဉ်သည် ကွင်းစလန် (Queensland) တစ်ဝှမ်းရှိ ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များနှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး အသည်းရောင်အသားဝါရောဂါ၊ HIV နှင့် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများ (BBV & STI – သွေးမှတစ်ဆင့်ကူးစက်သော ဗိုင်းရပ်စ်များနှင့် လိင်မှတစ်ဆင့်ကူးစက်သောရောဂါများ) နှင့်ပတ်သက်သည့် အချက်အလက်များ၊ စစ်ဆေးမှုများနှင့် ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီ ရရှိနိုင်စေရန် လုပ်ဆောင်ပေးနေပါသည်။ ကွင်းစလန်အစိုးရ (Queensland Health) မှ ရံပုံငွေပံ့ပိုးထားပြီး ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် စာရွက်စာတမ်းပစ္စည်းများအားလုံးကို အခမဲ့ ပံ့ပိုးပေးပါသည်။

ရပ်ရွာလူထုပညာရေးနှင့်သတင်း အချက်အလက်ပေးမှု

ကျွန်ုပ်တို့၏အဖွဲ့သည်လေ့ကျင့်သင်ကြားပေးထားသော ဘာသာစကားနှစ်မျိုးပြောဆိုနိုင်သော ကျန်းမာရေးလုပ်သားများ(BCHWs)မှ ကွင်းစလန်းပြည်နယ်တစ်ဝှမ်းရှိလူမျိုးအသိုင်းအဝိုင်း အုပ်စုများအားဘာသာစကားမျိုးစုံဖြင့် သတင်းအချက်အလက်များကိုပံ့ပိုးပေးနေပါသည်။ ကျွန်ုပ်တို့၏အဖွဲ့သည်ဖုန်း၊ ဆိုရှယ်မီဒီယာ (ဥပမာ Facebook၊ WeChat၊ WhatsApp)၊ တိုင်းရင်းသားသတင်းစာများနှင့် ရေဒီယိုများမှတစ်ဆင့်အင်္ဂလိပ်နှင့် အခြားဘာသာစကားများဖြင့်လည်း ပံ့ပိုးပေးပါသည်။

သင့်အဖွဲ့အတွက်အခမဲ့ပညာရေးကဏ္ဍတစ်ခုတောင်းဆိုရန် ဤနေရာကိုနှိပ်ပါ။

သင့်ဘာသာစကားဖြင့်အချက်အလက်များတောင်းခံရန်ကျေးဇူးပြု၍အောက်တွင်ဖေါ်ပြထားသောကျွန်ုပ်တို့၏ဘာသာစကားနှစ်မျိုးပြောနိုင်သောဝန်ထမ်းများ ကိုဆက်သွယ်ပါ။

အထောက်အပံ့

ကျွန်ုပ်တို့အဖွဲ့သည်အသည်းရောင်ရောဂါရှိသူများနှင့်၎င်းတို့၏မိသားစုများကိုတစ်ယောက်ချင်းသီးခြားပံ့ပိုးမှုနှင့်သတင်းအချက်အလက်များကိုပံ့ပိုးပေးပါသည်။ ဥပမာ-သင့်ဆရာဝန်နှင့်ဆေးရုံမှစာများကိုဖတ်ပြီးရှင်းပြပေးခြင်း။ ဆေးဘက်ဆိုင်ရာချိန်းဆိုမှုများကိုပြုလုပ်ပေးခြင်း။သင်၏ပထမဦးဆုံးဆေးရုံချိန်းဆိုမှု ဖြစ်ခဲ့လျှင်မည်သို့သွားရမလဲဆိုတာရှင်းပြပေးခြင်း။ သင့်ဆရာဝန်သို့မဟုတ်ဆေးရုံနှင့်ဆက်သွယ်ရန်ကူညီပေးခြင်း။

ကျွန်ုပ်တို့သည် သင်နှင့် သင့်မိသားစုကိုမည်သို့ ပံ့ပိုးပေးနိုင်သည်နှင့် ပတ်သက်၍ အသေးစိတ် အချက် အလက်များအတွက် Health@eccq.com.au သို့မဟုတ် ၃၈၄၄ ၉၁၆၆ တွင်အစီအစဥ်မန်နေဂျာထံဆက်သွယ်ပါ။ တစ်နည်းအားဖြင့် သင်သည် အောက်ပါအတိုင်း သင့်ဘာသာစကားကို ဖုန်း သို့မဟုတ် အီးမေးလ်မှတစ်ဆင့် ပြောဆိုသော ကျွန်ုပ်တို့၏ ဘာသာစကားနှစ်မျိုးပြောဆိုနိုင်သော ဝန်ထမ်း တစ်ဦးထံ ဆက်သွယ်နိုင်ပါသည်။ ကျွန်ုပ်တို့၏အကူအညီတောင်းခံရန် ဤနေရာကိုနှိပ်ပါ။

Fibroscan စစ်ဆေးစမ်းသပ်မှုများ

Fibroscan သည် အသည်းပျက်စီးမှု ဖြစ်နိုင်ချေကို လျင်မြန်စွာ၊ နာကျင်ခြင်းမရှိဘဲ၊ထိုးဖောက်ဝင်ရောက် ခြင်းမရှိသော အကဲဖြတ်စစ်ဆေးမှုတစ်ခုဖြစ်သည်။ အသည်းရောင်ရောဂါပိုး B သို့မဟုတ်ပိုး C ရှိသူများ အတွက် အခမဲ့ဖြစ်သည်။ Fibroscan  တစ်ခါ ပြုလုပ်ရန် သင့်ဆရာဝန်ထံ လွှဲပြောင်းပေးရန် လိုအပ်ပါသည်။ ကျွန်ုပ်တို့၏ Fibroscan ဝန်ဆောင်မှု အကြောင်း နောက်ထပ်အချက်အလက်များအတွက် ကျေးဇူးပြု၍ referrals@eccq.com.au သို့မဟုတ် ၃၈၄၄ ၁၉၆၆ တွင် ကုသမှုနှင့် စီမံခန့်ခွဲမှုညှိနှိုင်းရေးမှူးထံ ဆက်သွယ်ပါ။

ကျွန်ုပ်တို့၏ Fibroscan ဝန်ဆောင်မှု အကြောင်း နောက်ထပ်အချက်အလက်များအတွက် ကျေးဇူးပြု၍ referrals@eccq.com.au သို့မဟုတ် ၃၈၄၄ ၉၁၆၆ တွင် ကုသမှုနှင့် စီမံခန့်ခွဲမှုညှိနှိုင်းရေးမှူးထံ ဆက်သွယ်ပါ။

Fibroscan တစ်ခါပြုလုပ်ဘို့တောင်းဆိုရန် ဤနေရာကိုနှိပ်ပါ။(သင့်ဆရာဝန်မှဖြည့်စွက် ရမည်)

အရင်းအမြစ်ပညာပေးများ

ကျေးဇူးပြု၍အခမဲ့အရင်းအမြစ်များမှာယူရန် ဤနေရာကိုနှိပ်ပါ။

ပမှူးကလာ်တဖၣ်

ကွၢ်မ့တမ့ၢ် ဒေါင်းလုဒ် (download) ပတၢ်အိၣ်ဆူးအိၣ်ချ့ တၢ်မၤစၢၤကလာ် လၢအအိၣ်ဝဲဖဲန့ၣ် သကိးတက့ၢ်။

Burmese.HepC.Cover

အသည်းရောဂါ - ဟာပတိုက်တစ် စီ (Hepatitis C)

ဤလက်ကမ်းစာစောင်သည် ဩစတြေးလျနိုင်ငံတွင် ရရှိနိုင်သော ဟာပတိုက်တစ် စီ ရောဂါကူးစက်ပုံ၊ ရောဂါလက္ခဏာများ၊ စစ်ဆေးမှုများနှင့် သင့်တင့်သောစျေးနှုန်းဖြင့် ကုသနိုင်မည့်နည်းလမ်းများကို ရှင်းလင်းဖော်ပြထားပါသည်။

Liver-Disease-Hepatitis-B--Cover-Burmese

အသည်းရောဂါ - အသည်းရောင်အသားဝါ ဘီ ရောဂါ

ဤလက်ကမ်းစာစောင်သည် အသည်းရောင်အသားဝါ ဘီ ရောဂါ ကူးစက်ပုံ၊ ရောဂါလက္ခဏာများနှင့် ရေရှည်တွင် ဖြစ်ပွားနိုင်သော ပြင်းထန်သည့် ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆိုးကျိုးများကို ရှင်းလင်းဖော်ပြထားသည်။ ထို့အပြင် သွေးစစ်၍ ရောဂါရှာဖွေခြင်း၊ တစ်သက်တာလုံး ဆေးစစ်မှုပုံမှန်ခံယူခြင်းနှင့် ကြိုတင်ကာကွယ်ဆေးထိုးခြင်းတို့၏ အလွန်အရေးကြီးပုံကိုလည်း အလေးအနက် မီးမောင်းထိုးပြထားသည်။

Save lives – Have a liver test – Burmese

အသက်များကို ကယ်တင်ပါ - အသည်းစစ်ဆေးမှု ခံယူပါ

ဤဗီဒီယိုသည် အသည်းရောင်အသားဝါ ဘီပိုးနှင့် စီပိုးတို့ကို ရှာဖွေဖော်ထုတ်ရန်အတွက် အသည်းစစ်ဆေးခြင်း၏ အရေးကြီးပုံကို ရှင်းလင်းတင်ပြထားပါသည်။ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားပုံ၊ အစောပိုင်းအဆင့်တွင် ရောဂါလက္ခဏာ မပြသခြင်းနှင့် ကုသနိုင်သော နည်းလမ်းများကို ဤဗီဒီယိုတွင် ထည့်သွင်းဖော်ပြထားပါသည်။

YDF-Pregnancy-Infographic-Burmese

ကိုယ်ဝန်ဆောင်ချိန် - ကာလသားရောဂါ (Syphilis) ရှိ၊ မရှိ စစ်ဆေးပါ

မိခင်တွင် ကိုယ်ဝန်ဆောင်စဉ် ကာလသားရောဂါရှိနေပါက မွေးကင်းစကလေးငယ်များမှာ ကာလသားရောဂါကြောင့် သေဆုံးနိုင်ခြင်း သို့မဟုတ် ကာလသားရောဂါပိုးနှင့်အတူ မွေးဖွားလာနိုင်ခြင်းတို့ ဖြစ်နိုင်ပါသည်။

ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကာလသားရောဂါ ရှိ၊ မရှိ စစ်ဆေးသင့်ပါသည်။

World Hepatitis Day 2025 – Burmese

၂၀၂၅ ခုနှစ် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့

ဤကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ ဗီဒီယိုသည် သြစတြေးလျနိုင်ငံတွင် ခွဲခြားဆက်ဆံခံရမှု၊ ဘာသာစကားအခက်အခဲနှင့် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်စကများကို ကျော်လွှားခဲ့သည့် ကိုယ်ပိုင်အတွေ့အကြုံကို မျှဝေထားပြီး ECCQ ၏ Love Health အစီအစဉ်မှ အရေးပါသော ပံ့ပိုးကူညီမှုများကို မီးမောင်းထိုးပြထားသည်။

2026-WHD-Poster-Burmese

World Hepatitis Day 2026 Post – Burmese

World Hepatitis Day Video 2026 – Burmese

၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ ဗီဒီယို

ဤဗီဒီယိုသည် ကမ္ဘာ့အသည်းရောင်ရောဂါနေ့ အထိမ်းအမှတ်အဖြစ် နာတာရှည် အသည်းရောင်အသားဝါ B ရောဂါအကြောင်း အသိပညာမြှင့်တင်ပေးထားပြီး၊ စောစီးစွာ ရောဂါရှာဖွေစစ်ဆေးခြင်း၊ အသည်းကို ပုံမှန်စစ်ဆေးခြင်းနှင့် အသည်းကင်ဆာကို ကာကွယ်ရန် ရောဂါကို သင့်လျော်စွာ စီမံကုသခြင်းတို့၏ အရေးကြီးပုံကို အလေးပေးဖော်ပြထားသည်။

2026-WHD-Article-Burmese

၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါနေ့ဆိုင်ရာ ဆောင်းပါး

၂၀၂၆ ခုနှစ် ကမ္ဘာ့အသည်းရောင်ရောဂါနေ့သည် အသည်းရောဂါများကို ကာကွယ်ရန်နှင့် စောစီးစွာ သိရှိနိုင်ရန် အရေးကြီးကြောင်း အလေးပေးဖော်ပြပါသည်။ အသည်းရောင်အသားဝါ B ကို ကာကွယ်ဆေးဖြင့် ကာကွယ်နိုင်ပြီး ပုံမှန်စစ်ဆေးစောင့်ကြည့်နိုင်ပါသည်။ အသည်းရောင်အသားဝါ C ကို ကုသ၍ ပျောက်ကင်းနိုင်ပါသည်။ ပုံမှန်စစ်ဆေးခြင်းနှင့် စောစီးစွာကုသခြင်းသည် အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

ECCQ-How-to-take-hepatitis-B-medication-in-Australia-Burmese-Cover

ဩစטרေးလျနိုင်ငံတွင် အသည်းရောင်အသားဝါ ဘီ (Hepatitis B) ဆေးကို မည်သို့သောက်သုံးရမည်နည်း

ဤအချက်အလက်သည် သြစတြေးလျနိုင်ငံတွင် အသည်းရောင်အသားဝါ ဘီ (Hepatitis B) ကုသဆေးများကို မှန်ကန်စွာနှင့် ဘေးကင်းလုံခြုံစွာ သောက်သုံးနည်းကို ရှင်းပြထားပါသည်။ Entecavir၊ TDF နှင့် TAF ဆေးများ သောက်သုံးနည်း၊ ဆေးသောက်နေစဉ် သတိပြုရမည့်အချက်များ၊ ဖြစ်ပေါ်နိုင်သည့် ဘေးထွက်ဆိုးကျိုးများ၊ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရန် အရေးကြီးပုံနှင့် ဆရာဝန်၏ အကြံပြုချက်မရှိဘဲ မိမိသဘောဖြင့် ဆေးသောက်ခြင်းကို မရပ်သင့်သည့် အကြောင်းရင်းများကို ဖော်ပြထားပါသည်။

တုံ့ပြန်ချက်

သင့်တွင်စိုးရိမ်ပူပန်မှုများရှိပါကသို့မဟုတ်ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့်အရင်းအမြစ်စာစောင်များအပေါ် တုံ့ပြန်ချက်ပေးလိုပါက health@eccq.com.au  သို့မဟုတ် ၃၈၄၄ ၉၁၆၆ တွင်အစီအစဥ်မန်နေဂျာထံ ဆက်သွယ်ပါ။

Signup for our Newsletter

ECCQ Newsletter Subscription

Join our community Whatsapp group

Stay connected, share what’s happening, and spotlight the great work across Queensland’s multicultural communities. Learn more or scan the QR to join the group.

Share this

Facebook
X
LinkedIn
Email

Signup for Multicultural Partners Newsletter

MP Newsletter Subscription

If you work for a company or an organisation, please tell us a couple more details.